သတင်းများ

ပေါက်ခေါင်းမြို့နယ်၌ လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြဆောင်ရွက်
Feb 26,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၅၈)စက်မှုလယ်ယာစခန်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းပြီး လက်ဆွဲကောက်စိုက်စက်ဖြင့် ရတနာတိုးစပါးမျိုးအား စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက  ကင်မွန်းခြုံကျေးရွာအုပ်စု၊ရေဖြူကျေးရွာ ကွင်းအမှတ်-၇၂၁(ခ) ရေဖြူကွင်း၊ တောင်သူဦးခင်မောင်သန်း၏ လယ်မြေ(၆)ဧကတွင် ကျင်းပပြုလုပ်သည်။
မင်းလှမြို့တွင် ၂၀၂၄ ခုနှစ်၊ နွေစပါး(၂၆၄၅)ဧကစတင်စိုက်ပျိုးပြီးစီး
Feb 26,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကံတင်ဘီးလင်းဆည်၊ မင်းလှဆည်နှင့်မုက္ခာဆည်တို့မှရရှိသော စိုက်ပျိုးရေဖြင့် ၂၀၂၄ ခုနှစ်၊ နွေစပါးစိုက်ပျိုးခြင်းလျာထားချက်ဧက(၁၂၈၉၄)ရှိရာ ယနေ့ထိ နွေစပါးစုစုပေါင်း(၂၆၄၅) ဧကအား စတင်စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး မန္တလေး-မြစ်ငယ် မီးရထားလမ်းပိုင်းအား စစ်ဆေး
Feb 26,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် မန္တလေး- မြစ်ငယ် မီးရထားလမ်းပိုင်း ကြံ့ခိုင်မှု၊ မီးရထားလမ်းဘေးတစ်လျှောက် သန့်ရှင်းသာယာရေး အခြေအနေများကို ယနေ့နံနက်ပိုင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ် အခြေခံပညာကျောင်း စာစစ်ဌာနများတွင် Grade (5)နှင့် Grade (9) နှစ်ဆုံး စစ်စာမေးပွဲ (စတုတ္ထနေ့) ဆက်လက်ကျင်းပ
Feb 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းစာစစ်ဌာနများတွင် နှစ်ဆုံး စစ်စာမေးပွဲများကို (စတုတ္ထနေ့) ယနေ့ နံနက် (၉)နာရီအချိန်က စာမေးပွဲဆက်လက်ကျင်းပကြသည်။
ပန်းတောင်းမြို့နယ်တွင် လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Feb 26,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် လေပြင်း​ဘေးအန္တရာယ် ကျရောက်ပျက်စီးနိုင်သော တလုပ္ပင်ကျေးရွာအုပ်စုမှ နေအိမ်(၃၀၀)လုံးအတွက် အမိုးအကာများ အားဖြည့်ပြင်ဆင်ခြင်း လုပ်ငန်းများကို ယနေ့နံနက် (၈)နာရီအချိန်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြည်မြို့၌ ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပညာပေးသတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Feb 26,2024
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်းကို ပြည်သူများအမှန်တကယ်သိရှိစေရန်၊ ဆိုရှယ်မီဒီယာများ၌ လုပ်ကြံရေးသားဖေါ်ပြလျက်ရှိသော သတင်းတု/သတင်းမှားများအန္တရာယ်ကြောင့်ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမဖြစ်စေရန်နှင့် သတင်းအမှန်များကိုသိရှိပြီး အမှား/အမှန်ဝေဖန်ပိုင်းခြားနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပြည်မြို့ရွှေဆံတော်ဘုရားကြီးမြောက်စောင်းတန်း နာရီစင်အနီး မြို့မရဲစခန်းရှေ့ လူစည်ကားရာ ဗိုလ်ချုပ်လမ်းမပေါ်၌ လမ်းသွားလမ်းလာပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပညာပေးသတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို တာဝန်ရှိများအဖွဲ့က ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကျင်းပ
Feb 26,2024
မဟာအောင်မြေမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲများ ဆွေးနွေးရာတွင် မဟာအောင်မြေမြို့နယ်အနေ ဖြင့် (၁၈)ရပ်ကွက်ရှိရာ (၃)ရပ်ကွက်စုဖွဲ့၍ ပြည်သူများ သိသင့်သိထိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်ပတ်သက်၍ ဗဟု သုတများကို သိရှိနားလည်ထားစေရန် တာဝန်ရှိသူများမှ ဆွေးနွေးပေးလျက်ရှိရာ ယနေ့မွန်းလွဲ(၁)နာရီတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပခဲ့သည်။
သွားဘက်ဆိုင်ရာ‌ဆေးတက္ကသိုလ်-ရန်ကုန်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌စေရန် "လူငယ်စကားဝိုင်း" ကျင်းပ
Feb 26,2024
ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သွားဘက်ဆိုင်ရာ‌ဆေးတက္ကသိုလ်-ရန်ကုန်တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ် သွားဘက်ဆိုင်ရာ‌ဆေးတက္ကသိုလ်-ရန်ကုန်ရှိ “တုနှိုင်းမမီ”ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။