တပ်ကုန်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ ကျေးရွာအုပ်စု(၁၄)အုပ်စုအား အသိပညာပေးရှင်းလင်း
Feb 26,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ပြီး အဖွဲ့လေးဖွဲ့ခွဲ၍ အသိပညာပေးရှင်းလင်းခြင်း ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက ကင်းသာကျေးရွာအုပ်စု၊ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ(KC)ခန်းမတွင် ကျင်းပခဲ့သည်။