သတင်းများ

ကျွန်းလှမြို့နယ်၌ ပဲစင်းငုံ ဧက ၁၁၅၀၀ ကျော် ရိတ်သိမ်းပြီး
Feb 27,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးခဲ့သော ပဲစင်းငုံ ဧက ၁၁၅၀၀ ကျော်ရိတ်သိမ်းပြီး ၂၆၀၀၀၀ တင်းကျော်ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Feb 27,2024
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ဒက္ခိဏသီရိမြို့နယ် မဲဒီးကျေးရွာသို့ သွားရောက်ငှားရမ်းပေးကြသည်။
ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားကျေးရွာအုပ်စုတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေး
Feb 27,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင် ဦးဆောင်၍ အဖွဲ့ဝင်များလိုက်ပါပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပုပ္ပားကျေးရွာအုပ်စု၊ ပုပ္ပားကျေးရွာ ပြည်အောင်စံ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပေါက်ခေါင်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ ပြည်သူများသိရှိနားလည်စေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 27,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက ပေါက်ခေါင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌ဇော်ဇော်ဦးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်စာ‌ရေးများ ပူး‌ပေါင်းအဖွဲ့က မြို့မစည်ပင်သာယာဈေးကြီး ရှိဈေးရောင်းဈေးဝယ်ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာများပါဝင်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မုံရွာမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်
Feb 27,2024
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီက မုံရွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ ဒေသထွက်သခွားသီးများ လှိုင်လှိုင်ပေါ၍ ဈေးကောင်းရရှိ
Feb 27,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် ဆောင်းသီးနှံဖြစ်သည့် ဒေသထွက်သခွားသီးများ လှိုင်လှိုင်ပေါ၍ ဈေးကောင်းရရှိကြောင်း သခွားစိုက်တောင်သူများထံမှ သိရသည်။
ထားဝယ်မြို့နယ်တွင် ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး အသိပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Feb 27,2024
ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်ပိုင်ရှင်များအား အသိ ပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဒေါပုံမြို့နယ်တွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် စာအုပ်များထပ်ဆင့်လှူဒါန်းပွဲကျင်းပ
Feb 27,2024
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ရပ်ကွက်အတွင်းရှိ စာကြည့်တိုက်များ တိုးတက်ဖွံ့ဖြိုးရေးအတွက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာအုပ်များထပ်ဆင့်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။