မင်းလှမြို့တွင် ၂၀၂၄ ခုနှစ်၊ နွေစပါး(၂၆၄၅)ဧကစတင်စိုက်ပျိုးပြီးစီး

မင်းလှ ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကံတင်ဘီးလင်းဆည်၊ မင်းလှဆည်နှင့်မုက္ခာဆည်တို့မှရရှိသော စိုက်ပျိုးရေဖြင့် ၂၀၂၄ ခုနှစ်၊ နွေစပါးစိုက်ပျိုးခြင်းလျာထားချက်ဧက(၁၂၈၉၄)ရှိရာ ယနေ့ထိ နွေစပါးစုစုပေါင်း(၂၆၄၅) ဧကအား စတင်စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

မင်းလှမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း(၅၆)အုပ်စု၊ ကျေးရွာပေါင်း(၂၄၇)ရွာတို့၌ ၂၀၂၄ ခုနှစ် နွေစပါးကို ဇန်နဝါရီလ(၁၅)ကစတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ ရတနာတိုးစပါးရတနာတိုးစပါး(၁၀၁၅)ဧက၊ ရက်ကိုးဆယ်စပါး(၁၀၆၂)ဧက၊ ထိုင်းနှံကောက်(၅၆၀)ဧက၊ YSR-1(၇)ဧကစုစုပေါင်း (၂၆၄၅)ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်း၊ နွေစပါးလျာထားချက်ဧကပြည့်မှီနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ နွေစပါးစိုက်တောင်သူများ တစ်ဧကစပါးတင်း(၁၀၀)ကျော်အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စိုက်ပျိုး‌ရေအဆက်မပြတ်ရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ချကိရိယာများငှားရမ်းပေးခြင်း စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးခြင်းနှင့်ရုံးဝန်ထမ်းများက ကွင်းထဲအရောက်ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပေါက်စ(မင်းလှ)