ကြံခင်းမြို့နယ် အခြေခံပညာကျောင်း စာစစ်ဌာနများတွင် Grade (5)နှင့် Grade (9) နှစ်ဆုံး စစ်စာမေးပွဲ (စတုတ္ထနေ့) ဆက်လက်ကျင်းပ

ကြံခင်း ဖေဖော်ဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းစာစစ်ဌာနများတွင် နှစ်ဆုံး စစ်စာမေးပွဲများကို (စတုတ္ထနေ့) ယနေ့ နံနက် (၉)နာရီအချိန်က စာမေးပွဲဆက်လက်ကျင်းပကြသည်။

အဆိုပါနှစ်ဆုံးစာမေးပွဲ (စတုတ္ထနေ့) ကျင်းပရာတွင် မြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၉)ခု၌ မူလတန်းဆင့် Grade (5) ကျောင်းသား/သူ (၁၁၈၈)ဦးက သိပ္ပံဘာသာရပ်အားလည်းကောင်း၊  စာစစ်ဌာန(၁၆)ခုတွင် အလယ်တန်းဆင့် Grade(9) ကျောင်းသား/သူ(၇၉၆)ဦးတို့က ပထဝီ ဘာသာရပ်များ ဖြေဆိုကြကြောင်းနှင့်  နှစ်ဆုံးစာမေးပွဲစစ်ဆေး  ဖြေဆိုရာ၌ ဖေဖော်ဝါရီ (၂၂)ရက်နေ့မှ စတင်ဖြေဆိုခဲ့ကြပြီး ဖေဖော်ဝါရီ(၂၈)ရက်နေ့ထိ ဖြေဆိုရကြရမှာဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံက သိရသည်။

ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း စာစစ်ဌာနများတွင် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရန်  မြို့နယ်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှ တာဝန်ရှိသူများက လုံခြုံရေးစောင့်ကြပ်ကြည့်ရှုပေးကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)