သတင်းများ

ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး
Feb 27,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့ နံနက်(၈) နာရီအချိန်က မြို့တော်ခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲအခမ်းအနား ကျင်းပ
Feb 27,2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ အခမ်းအနား ကျင်းပခဲ့သည်။
စလင်းမြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာ့ရက္ခိတအသင်းကြီးမှ (ဒသမ)ကြိမ်မြောက် ပရိယတ္တိရေးဖြေ တတိယနေ့စာမေးပွဲ ကျင်းပ
Feb 27,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာ့ရက္ခိတ စာတော်ပြန်ပွဲအသင်းကြီးမှ ကြီးမှူးကျင်းပသော ၁၃၈၅ ခုနှစ် (ဒသမ)ကြိမ်မြောက် ပရိယတ္တိရေးဖြေ တတိယနေ့ကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က လက်ပံပင်ကျောင်းတိုက် ရတနာဃရဓမ္မာရုံကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မုဒုံမြို့၌ ရော်ဘာအစေးခြစ် လုပ်သားကျွမ်းကျင်မှု သင်တန်းဆင်းပွဲ ကျင်းပ
Feb 27,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရော်ဘာအစေးခြစ် လုပ်သားကျွမ်းကျင်မှုအဆင့် (၁)၊ အမှတ်စဥ် (၁၂) သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀)နာရီက နှစ်ရှည်သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ) သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အမာမြို့၊ စာစစ်ဌာန၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲများ အေးချမ်းစွာဖြေဆို
Feb 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ စ၍ ဖြေဆိုလျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်တွင် Grade-5 နှင့် Grade-9 လူမှု‌ရေးဘာသာရပ်ကို အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်၌ ကျေးရွာအုပ်စုများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ အသိပညာပေး ရှင်းလင်း
Feb 27,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများအား ပြည်သူများ ကျယ်ပြန့်စွာ သိရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ပြီး အသိပညာပေးရှင်းလင်းခြင်း ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက သပြေကုန်းကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကွန်ပျူတာသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Feb 27,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့မှု၊ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ် ကြီးကြပ်မှုဖြင့် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ (၃) နာရီခွဲအချိန်က အဆိုပါ ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုံပါကျင်မြို့၌ “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ” သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ
Feb 27,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပုံပါကျင်မြို့၌ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိစေရန်နှင့် သတင်းအမှန်များ သိရှိကြစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ လူစည်ကားရာနေရာများတွင် “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ” လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။