ရွှေကျင်မြို့တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို
Mar 11,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို မတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပရာ ရွှေကျင်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာပေးပွဲ ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် အ-ထ-က (ရွှေကျင်) ကျောင်း စာစစ်ဌာနတွင် ဖြေဆိုခွင့်လျှောက်ထားသူ ကျောင်းသား/ ကျောင်းသူ (၃၆၉) ဦးအနက်မှ ယနေ့ ဖြေဆိုသော မြန်မာစာနေ့တွင် (၂၂) ဦး ဖြေဆိုရန်ပျက်ကွက်သဖြင့် ကျောင်းသား/ ကျောင်းသူ (၃၄၇) ဦးတို့က အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။