သတင်းများ

ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန(၁၂)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ(ပထမနေ့)  မြန်မာစာဘာသာရပ် စတင်ဖြေဆို
Mar 11,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့နံနက် ၉ နာရီမှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန(၁၂)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ(ပထမနေ့) မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၁၂၅၄)ဦးတို့မှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ယင်းသို့ဖြေဆိုနေမှုအား ကျောက်ဖြူတပ်နယ်ဗျူဟာမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်‌ရေး  တာဝန်ကျ ဆရာ၊ဆရာမများကို လမ်းညွှန် မှာကြားသည်။
ပေါက်ခေါင်းမြို့နယ်၌ (၂၀၂၃-၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာ စတင်ဖြေဆို
Mar 11,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ (၂၀၂၃-၂၀၂၄)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က (ပေါက်ခေါင်း) စာစစ်ဌာန(၁)ခုတွင် မြန်မာစာဘာသာရပ်ကို ယနေ့နံနက် (၉)နာရီက အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိရာ စာမေးပွဲဖြေဆိုရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာ‌ရေးမှူး ဆရာကြီး ဦးအေးလှိုင်နှင့် တာဝန်ကျ ဆရာကြီး၊ ဆရာမကြီးများက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲပထမနေ့ မြန်မာစာ စတင်ဖြေဆို
Mar 11,2024
တံတားဦးခရိုင် တံတားဦးမြို့နယ်၌ ၂၀၂၃-၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံနှင့်တစ်ဝန်းရှိ အခြေခံပညာအထက်တန်းကျောင်းများအားလုံးတွင် တစ်ပြိုင်တည်းဖြေဆိုမည်ဖြစ်ရာ တံတားဦးမြို့နယ်ရှိ အခြေခံပညာအသထက်တန်းကျောင်းတွင်လည်း ယနေ့နံနက်(၉)နာရီက မြန်မာစာမေးခွန်းကို စတင်ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည်။
ညောင်ဦးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုသည့် စာစစ်ဌာနများသို့ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေး
Mar 11,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလျက်ရှိကြသော စာစစ်ဌာနများသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ ယနေ့နံနက် ၈ နာရီခွဲအချိန်က စတင်၍ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို
Mar 11,2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား နိုင်ငံတစ်ဝန်းလုံး၌ ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ယနေ့နံနက်ပိုင်း ၉ နာရီအချိန်မှစတင်ပြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ပထမနေ့အဖြင့် မြန်မာစာဘာသာရပ်အားစတင်၍ အေးချမ်းသာယာစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
နတ်တလင်းမြို့နယ်တွင် (၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို
Mar 11,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် (၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို စာစစ်ဌာန (၂) ခု၌ ယနေ့နံနက် (၉) နာရီအချိန်က ကျောင်းသား/ကျောင်းသူများ စတင်ဖြေဆိုခဲ့ကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့ဝင်များ၊ ရဲမေနှင့် မိသားစုဝင်များအား ထောက်ပံ့ငွေများ ပေးအပ်
Mar 11,2024
နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ကွပ်ကဲမှုအောက်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့ဝင်များ၊ ရဲမေနှင့် မိသားစုဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့၊ လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ဒုတိယရဲချုပ်၊ လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အမ်းခရိုင် အမ်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန (၆)ခုတွင် ကျောင်းသား/ကျောင်းသူများ မြန်မာစာဘာသာ စတင်ဖြေဆို
Mar 11,2024
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန (၆)ခုတွင် ယနေ့နံနက်က ကျောင်းသား/ကျောင်းသူများ မြန်မာစာဘာသာအား အေးချမ်းပျော်ရွှင်စွာစတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။