အထက်မင်းလှ မတ် ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မင်းလှအခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ယနေ့နံနက် (၉)နာရီက စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာ၌ (အ.ထ.က)မင်းလှစာစစ်ဌာနတွင် ပထမနေ့မြန်မာစာ ဘာသာရပ်ဖြေဆိုမည့် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ အတွင်းဖြေဆိုသူ (၃၁၃)ဦး၊ အပြင်ဖြေဆိုသူ (၁၅)ဦး စုစုပေါင်း (၃၂၈)ဦးရှိကြောင်း သိရသည်။ ယနေ့ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူဦးရေမှာ အတွင်းဖြေဆိုသူ (၃၀၁)ဦး၊ အပြင်ဖြေဆိုသူ (၁၁)ဦး စုစုပေါင်း (၃၁၂)ဦး ဖြေဆိုသူဦးရေ (၉၅.၁၂)%ရှိပြီး ပျက်ကွက်သူ(၁၆)ဦးရှိရာ ရာခိုင်နှုန်းအားဖြင့် (၄.၈၈)%ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)