မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် တရားမဝင်ကုန်စည်များ သယ်ဆောင်ခြင်းမရှိစေရေး တာဝန်ရှိသူများ စစ်ဆေး

မိုင်းရယ် မတ် ၁၁

မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးမင်းအောင်ဦးစီး၍ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး မျိုးသန့်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိုင်းရယ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးနှင့် တရားမဝင်ကုန်စည်များ သယ်ဆောင်ခြင်းမရှိစေရေးအတွက် ယနေ့နံနက် ၁၀ နာရီမှစ၍ မြို့အဝင်ဂိတ်တွင် စစ်ဆေးခဲ့ကြသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် မိုင်းရယ်မြို့အတွင်းသို့ ဖြတ်သန်းသွားလာလျက်ရှိသည့် ခရီးသည်တင် မော်တော်ယာဉ်များ၊ ကုန်တင်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များကို ရပ်တန့်စေ၍ မူးယစ်ဆေးဝါးနှင့် တရားမဝင်ကုန်စည်များ သယ်ဆောင်သွားလာခြင်း ရှိ၊ မရှိများကို ရှာဖွေစစ်ဆေးခဲ့ကြသည်။

မိုင်းရယ်မြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နှင်းရေးဆိုင်ရာ ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများကို ရုံးများ၊ ကျောင်းများတွင် အသိပညာပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)