သတင်းများ

ငပလီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၄၉၃)ဦးမှ ဝင်ရောက်ဖြေဆို
Mar 11,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ ၁၁ ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် ငပလီမြို့မှ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာရပ်ကို ကျောင်းသား၊ကျောင်းသူ (၅၂၃)ဦးမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်တွင် ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် ကျင်းပလျက်ရှိသည်။
မြင်းခြံဗဟိုအကျဉ်းထောင်၌  မီးဘေးအန္တရာယ်အသိပညာပေးဟောပြောခြင်း ဆောင်ရွက်
Mar 11,2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် မြင်းခြံဗဟိုအကျဉ်းထောင်၌ မီးဘေးအန္တရာယ် အသိပညာပေး ဟောပြောခြင်းနှင့်  မီးဘေးလုံခြုံရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၉၈ ဒသမ ၁၅ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆို
Mar 11,2024
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနနှစ်ခု၌ ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်၌ ၁၉၄၄၂ ဦး ဝင်ရောက်ဖြေဆို
Mar 11,2024
၂၀၂၄ ခုနှစ် မတ်လ ၁၁ရက်နေ့တွင် စတင်ကျးပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီး၌ စာစစ်ဌာန ၇၄ ခုတွင် ၂၀၂၄ မြန်မာစာဘာသာရပ်အား ကျင်းပစစ်ဆေးခဲ့ရာ ကျောင်းသားကျောင်းသူ (၁၉၄၄၂)ဦး ဖြေဆိုခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို စတင်ဖြေဆိုလျက်ရှိ
Mar 11,2024
၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၉) နာရီက ကျောင်းသား၊ ကျောင်းသူများ အေးချမ်း‌ပျော်ရွှင်စွာ စတင်ဖြေဆိုနေကြကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို
Mar 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စမ်းချောင်းမြို့နယ် ကျွန်းတော‌(တောင်) ရပ်ကွက်၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုရာ ကျောင်းသား/ ကျောင်းသူ (၁၀၈) ဦး ၀င်ရောက်ဖြေဆိုကြကြောင်း သိရသည်။