လက်ပံတန်း မတ် ၁၁
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို မတ် ၁၁ ရက် နံနက်ပိုင်းမှ ၁၉ ရက်ထိ ကျင်းပမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ယနေ့နံနက် ၉ နာရီမှစ၍ စာစစ်ဌာန ၄ ခုတွင် အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် အ.ထ.က(၁)၊ အ.ထ.က(သာရဝေါ)၊ အ.ထ.က(ဇီးဖြူကုန်း)၊ အ.ထ.က(ခမုံဆိပ်) စာစစ်ဌာနလေးခုတွင် STEAM(1) ဓာတု၊ ရူပ၊ ဇီဝဘာသာ တွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၁၁၇ ဦး၊ STEAM (2) ဓာတု၊ ရူပ၊ ဘောဂ ဘာသာတွဲဖြေဆိုသူ (၂၅၉) ဦး၊ STEAM(1) ပထဝီ၊ သမိုင်း၊ ဘောဂ ဘာသာတွဲ ဖြေဆိုသူ (၇၉)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၅၅)ဦး ဖြေဆိုကြမည်ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကြပ်ရေး ကော်မတီများဖွဲ့စည်း၍ ဌာနဆိုင်ရာအဖွဲ့များသည် သက်ဆိုင်ရာ စာစစ်ဌာနအလိုက် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)