ခန္တီး မတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၉)ရက်နေ့ နံနက်(၉)နာရီအချိန်က အ.ထ.က(ခန္တီး)စာစစ်ဌာနတွင် ကျောင်းသား/သူများ စိတ်အေးချမ်းစွာဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးတွင် မတ်လ(၁၁)ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ အ.ထ.က(ခန္တီး)စာစစ်ဌာနတွင် ကျောင်းသား(၅၆)ဦး၊ ကျောင်းသူ(၁၀၅)ဦး၊ စုစုပေါင်း(၁၆၁)ဦး ဖြေဆိုလျက်ရှိပြီး ယနေ့နံနက်ပိုင်းက စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများအား ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီး မြင့်မောင်မောင်၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
စာမေးပွဲဖြေဆိုသည့် ကျောင်းသား/သူလေးများ ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် စိတ်အေးချမ်းသာယာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက ကျောင်းပတ်ဝန်းကျင်တွင် လုံခြုံရေးကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)