ရေတာရှည် မတ်လ ၁၁
၂၀၂၃ -၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်နေ့တွင် စတင်ကျင်းပပြီး ပထမနေ့အဖြစ် မြန်မာစာဘာသာရပ် စတင်ဖြေဆိုလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်အနေဖြင့် စာစစ်ဌာန (၆) ခုဖြင့် ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုလျက်ရှိသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် ပထမနေ့ မြန်မာစာဘာသာရပ်ဖြေဆိုသူ အခြေခံပညာအထက်တန်းကျောင်း (ရေတာရှည်) စာစစ်ဌာနတွင် (၁၃၉) ဦး၊ အခြေခံပညာအထက်တန်းကျောင်း (ရွှေကြက်ယက်) စာစစ်ဌာနတွင် (၁၄၆) ဦး၊ အခြေခံပညာအထက်တန်းကျောင်း (ဆွာ) စာစစ်ဌာနတွင် (၁၅၈) ဦး ၊ အခြေခံပညာအထက်တန်းကျောင်း (သာဂရ) စာစစ်ဌာနတွင် (၇၃) ဦး၊ အခြေခံပညာအထက်တန်းကျောင်း (မြို့လှ) စာစစ်ဌာနတွင် (၇၄) ဦး၊ အခြေခံပညာအထက်တန်းကျောင်း (ရေနီ) စာစစ်ဌာနတွင် (၉၅) ဦး၊ စုစုပေါင်း (၆၈၅) ဦးတို့ ဖြေဆိုခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၆) ခုတွင် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူစာရင်းရှိ (၆၉၇) ဦးရှိရာ ဖြေဆိုသူ (၆၅၈) ဦးရှိပြီး (၉၈ ဒသမ၂၈) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရေတာရှည် (ပြန်/ဆက်)