လင်းခေးမြို့နယ်တွင် နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

လင်းခေး မတ် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၏ ၂၀၂၄ ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက မြို့နယ်ပြည်ငြိမ်းအေး အားကစားကွင်းရှိ အားကစားလေ့ကျင့်ရေးရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ သင်တန်းသား၊ သင်တန်းသူများက ဗိုဗီနမ်သရုပ်ပြတင်ဆက်ခြင်းနှင့် အမျိုးသမီးကိုယ် ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အေရိုးဗစ်သရုပ်ပြကပြ ဖျော်ဖြေခြင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။

ဆက်လက်ပြီး ဆုပေးစင်မြင့် ရှေ့၌သင်တန်းသားများနေရာ ယူခဲ့ကြကာ လင်းခေးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းနှင့် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲ တာဝန်ရှိသူတို့က အားကစားနည်းအလိုက် သင်တန်းဆင်းလက်မှတ်၊ နည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းနှင့် ဆုတံဆိပ်များ ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါသင်တန်းတွင် ဗိုဗီနမ်၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်ရေး အေရိုးဗစ်၊ ကြက်တောင်ရိုက်၊ စားပွဲတင်တင်းနစ်၊ ပိုက်ကျော်ခြင်း၊ ဘောလုံးဆိုင်ရာနည်းပညာဘာသာရပ်များ ပို့ချသင်ကြားပို့ချပေးခဲ့ကြောင်း၊ သင်တန်းကာလ ရက်သတ္တနှစ်ပတ်ဖြစ်ကြောင်း၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

စိုင်းဇော်လတ်