သတင်းများ

ထားဝယ်မြို့တွင် ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ ငှားရမ်းပေး
Mar 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့်ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ်စာစောင်များ တင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ဌာနဆိုင်ရာရုံးများသို့ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ရွှေတောင်မြို့နယ်အတွင်းရှိ နွေနှမ်း စိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Mar 11,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန် မှာကြားချက်များနှင့်အညီ ပြည် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ခရိုင်စိုက်ပျိုးရေး၊ မွေးမြူရေး ကြီးကြပ်မှုကော်မတီ) ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေး ကြီးကြပ်မှုကော်မတီ) ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ကော်မတီပါ ဌာနဆိုင်ရာများ လိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ဝါးတောကျေးရွာ ရွှေငါးကြင်းပေါ် ဘုရားဓမ္မာရုံတွင် ဆည်ကြီးကုန်းဆည် (ကျေးလက်ဆည်ထိန်းသိမ်းရေး ကော်မတီမှ ထိန်းသိမ်းထားသည့်ဆည်)ရေဖြင့် နွေနှမ်း စိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သရက်ချောင်းမြို့နယ်အတွင်းရှိ အ.ထ.က သရက်ချောင်းစာစစ်ဌာနတွင် စတင်ဖြေဆို
Mar 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းမှ (အ.ထ.က) သရက်ချောင်းစာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ မြန်မာစာဘာသာကို အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
နွားထိုးကြီးမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို
Mar 11,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက်ပိုင်းမှစ၍ စတင်ဖြေဆိုလျက်ရှိရာ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် ကျောင်းသား၊ ကျောင်းသူများ မြန်မာစာ စာဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို
Mar 11,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ စာစစ်ဌာနများတွင် ယနေ့နံနက် ၉ နာရီ အချိန်မှစ၍ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာဘာသာကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန(၁၂)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ(ပထမနေ့)  မြန်မာစာဘာသာရပ် စတင်ဖြေဆို
Mar 11,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့နံနက် ၉ နာရီမှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန(၁၂)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ(ပထမနေ့) မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၁၂၅၄)ဦးတို့မှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ယင်းသို့ဖြေဆိုနေမှုအား ကျောက်ဖြူတပ်နယ်ဗျူဟာမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်‌ရေး  တာဝန်ကျ ဆရာ၊ဆရာမများကို လမ်းညွှန် မှာကြားသည်။
ပေါက်ခေါင်းမြို့နယ်၌ (၂၀၂၃-၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာ စတင်ဖြေဆို
Mar 11,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ (၂၀၂၃-၂၀၂၄)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က (ပေါက်ခေါင်း) စာစစ်ဌာန(၁)ခုတွင် မြန်မာစာဘာသာရပ်ကို ယနေ့နံနက် (၉)နာရီက အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိရာ စာမေးပွဲဖြေဆိုရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာ‌ရေးမှူး ဆရာကြီး ဦးအေးလှိုင်နှင့် တာဝန်ကျ ဆရာကြီး၊ ဆရာမကြီးများက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲပထမနေ့ မြန်မာစာ စတင်ဖြေဆို
Mar 11,2024
တံတားဦးခရိုင် တံတားဦးမြို့နယ်၌ ၂၀၂၃-၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံနှင့်တစ်ဝန်းရှိ အခြေခံပညာအထက်တန်းကျောင်းများအားလုံးတွင် တစ်ပြိုင်တည်းဖြေဆိုမည်ဖြစ်ရာ တံတားဦးမြို့နယ်ရှိ အခြေခံပညာအသထက်တန်းကျောင်းတွင်လည်း ယနေ့နံနက်(၉)နာရီက မြန်မာစာမေးခွန်းကို စတင်ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည်။