ရမည်းသင်းမြို့ရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာ​ရေး​စောင့်ရှောက်မှုပေးပြီး Pfizer Covid19 ကာကွယ်ဆေး ထိုးနှံပေး

ရမည်းသင်း ဖေဖော်ဝါရီ  ၂၄

ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများသည် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၈ နာရီခွဲက မြန်မာ့စီးပွား​ရေးဘဏ် (ရမည်းသင်း)၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာ​ရေး​စောင့်ရှောက်မှု​ပေးခြင်းနှင့် Pfizer Covid 19 ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရွှေဒါးကျေးရွာရှိ စက်မှုဝန်ကြီးဌာနလက်​အောက်ရှိ အမှတ်(၈) အထည်ချုပ်စက်ရုံခွဲနှင့် မြန်မာ့ဆေးဝါးလုပ်ငန်း ဆပ်ပြာစက်ရုံတို့ ရှိဝန်ထမ်းများအား Pfizer Covid19 ထိုးနှံပေးခဲ့သည်။

ရမည်းသင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၁၂၀)ဦးအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ဆေးကုသခြင်းများ ဆောင်ရွက်ပေးပြီး အငြိမ်းစားဝန်ထမ်း (၆၀)ဦးနှင့် စက်ရုံဝန်ထမ်းများ(၃၇၁)ဦးတို့ကို Pfizer Covid19 ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)