ကြံခင်းမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများတွင် နှမ်းမနဲ(ခေါ်) ထမနဲထိုးပွဲများ ပြုလုပ်

ကြံခင်း ဖေဖော်ဝါရီ  ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများတွင် တပို့တွဲလဆန်း (၁၄)ရက်နေ့၊ ယမန်နေ့ နေ့လည်ပိုင်းက နှမ်းမနဲ(ခေါ်)ထမနဲထိုးပွဲများ ပြုလုပ်ကြသည်။

အဆိုပါ နှမ်းမနဲ(ခေါ်) ထမနဲထိုးပွဲများ ကျင်းပခြင်းကို မဟာသကျမုနိစေတီတော်မြတ်ကြီးမှ ဂေါပကအဖွဲ့ဝင်တစ်ဦးက "နှစ်စဉ်တပို့တွဲလဆန်း(၁၄)ရက်နေ့ နံနက်ပိုင်းတွင် နှမ်းမနဲ(ခေါ်) ထမနဲထိုးပွဲများကို ကျင်းပခဲ့ရာ ယခုနှစ်ဆို (၁၃)ကြိမ် ရှိပါပြီ၊  တပို့တွဲလဆန်း (၁၄) ရက်နေ့ ညနေပိုင်းမှာ မဲပို့လာရောက်သော အလှူရှင် ပြည်သူများကို ထမနဲဖြင့် ဧည့်ခံကျွေးမွေးခြင်း၊  ထမနဲထုပ်များ ဝေငှလှူဒါန်းပေးပါတယ်၊ ထမနဲထိုးပွဲ မပြုလုပ်ခင် တပို့တွဲလဆန်း (၁၂) ရက်နေ့မှ စတင်ပြီး ထမနဲထိုး လှူဒါန်းနိုင်ရေးအတွက် အလှူခံဌာန ဖွင့်လှစ်အလှူခံခဲ့ပါတယ်၊ စေတနာရှင် အလှူရှင်များ လှူဒါန်းမှုကြောင့် နှစ်စဉ် ထမနဲထိုး လှူဒါန်းပွဲ ကျင်းပနိုင်တာဖြစ်ပြီး တပို့တွဲလပြည့်နေ့ နံနက်အရုဏ်တက်ချိန်တွင် စေတနာရှင် အလှူရှင်များ၏ မဲပို့လှူဒါန်းကြတဲ့ လှူဖွယ်မုန့်၊ ခဲဖွယ်၊ ဆီမီးတိုင်၊ နံ့သာတိုင်များနှင့်  နှမ်းမနဲ (ခေါ်) ထမနဲများကို အလှူရှင်များနဲ့ အတူ မြတ်စွာဘုရားရှင်အား  အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြပါတယ်"လို့ ဘုရားဂေါပက ပြောပြချက်အရ သိရသည်။

ကြံခင်းမြို့နယ်အတွင်းရှိ သမိုင်းဝင် ရွှေပြည်အေး (၁၁)ထပ်ဘုရားကြီး၊ မဟာသကျမုနိစေတီတော်မြတ်ကြီး၊ အောင်ဓမ္မသိဒ္ဓိပြည်လုံးအေး (မြို့ဦးစေတီတော်မြတ်ကြီး)၊ လေးထပ်ကြီးဘုရားနှင့် ဘုရား၊ စေတီများတွင် ထမနဲထိုးပွဲများ ကျင်းပလှူဒါန်းကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)