ဆွမ်ပရာဘွမ်မြို့နယ်၌တပို့တွဲလ မြန်မာ့ရိုးရာ ထမနဲထိုးပွဲ ကျင်းပ

ဆွမ်ပရာဘွမ် ဖေဖော်ဝါရီ ၂၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် မြန်မာတို့၏ ဆယ့်နှစ်လရာသီ ပွဲတော်များ အနက် တပို့တွဲလ မြန်မာ့ရိုးရာ ထမနဲထိုးပွဲကို ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၂ နာရီက မြို့မရပ်ကွက်ရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းဝင်းအတွင်း၌ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းပြီး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းထမနဲထိုးပွဲတွင် ဆွမ်ပရာဘွမ်မြို့နယ် အမှတ် (၄၆) ခြေလျင်တပ်ရင်း၊ အရာရှိ၊ အရာခံ စစ်သည် များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ/ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များတို့က ပျော်ရွှင်စွာ ကျင်းပကြသည်။

အဆိုပါ ထမနဲထိုးပွဲကို ဆွမ်ပရာဘွမ်မြို့နယ် အမှတ်(၄၆) ခြေလျင်တပ်ရင်းမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းပါဝင် ကျင်းပခြင်းဖြစ်ပြီး ထမနဲများကို အရုဏ်ဆွမ်းဆက်ကပ်ခြင်း၊ ထေရဝါဒ ဗုဒ္ဓသာသနာပြု ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တတိဿ အရှင်သူမြတ်အား ထမနဲဆွမ်းဆက်ကပ်ခြင်း၊ အလှူရှင်များအား ဒါနပြုခြင်းနှင့် ခုနှစ်ရက် သားသမီး ဒေသခံပြည်သူများအား ဝေငှကုသိုသ်ပြုခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)