မော်လမြိုင်မြို့၌ ပန်ဥယျာဉ် ပန်းချီ၊ ပန်းပုပြပွဲ ဖွင့်ပွဲ ကျင်းပ
Feb 29,2024
မြန်မာ့ယဉ်ကျေးမှု၏ အနုပညာလက်ရာ ယဉ်ကျေးမှု အမွေအနှစ်များကို မျိုးဆက်သစ်လူငယ်များ လက်ဆင့်ကမ်းနိုင်စေရန် ရည်ရွယ်၍ မော်လမြိုင်မြို့နယ် ပန်းချီ၊ ပန်းပုအစည်းအရုံးအဖွဲ့မှ ကျင်းပသော ပန်ဥယျာဉ်ပန်းချီ၊ ပန်းပုပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ဘိုကုန်းရပ်၊ သံလွင်ဥယျာဉ်ဝင်းအတွင်းရှိ ဒေါက်တာလှဘေ ပညာပါရမီ စာကြည့်တိုက်၌ ကျင်းပပြုလုပ်ရာ ပန်းချီ၊ ပန်းပု အနုပညာဝါသနာရှင်များ၊ မော်လမြိုင်မြို့နယ် စာရေးဆရာအသင်းမှ တာဝန်ရှိသူများ၊ မြို့နယ်ကာတွန်းဆရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။