အုတ်ဖိုမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 29,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းမှန်များ သိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက် (၇) နာရီအချိန်က မြို့မစျေးနှင့် လူစည်ကားရာ နေရာများတွင် (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။