သတင်းများ

မှော်ဘီမြို့နယ်၌ သီလရှင်စာသင်တိုက် (၃၇) ကျောင်းအား ဆွမ်းဆန်တော်၊ ဆီနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း
Feb 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ဇနီး ဒေါ် မော်မော်သန်းဦးဆောင်သော အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများ၊ ရန်ကုန်တိုင်း‌‌ဒေသကြီးလွှတ်‌တော်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သီသီနွယ်နှင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင် အလှူရှင်များ ပူးပေါင်း၍ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့နယ်များအတွင်းရှိ သီလရှင်စာသင် တိုက် (၃၇) ကျောင်းအား ဆွမ်းဆန်တော်၊ ဆီနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို မှော်ဘီမြို့နယ်၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပသည်။
နတ်မောက်မြို့နယ် ကျေးရွာများတွင် မြေအောက်ရေဖြင့် ထိုင်ဝမ်ပြောင်းဖူးများ စိုက်ပျိုးအောင်မြင်
Feb 29,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးရွာများရှိ တောင်သူများသည် ဖူးစားပြောင်းတစ်မျိုးဖြစ်သည့် ထိုင်ဝမ်ပြောင်းဖူးများကို မြေအောက်ရေအသုံးပြု၍ စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းမှုရှိနေကြောင်း သိရသည်။
မင်းလှမြို့နယ် လဲပင်ကျင်းကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေး
Feb 29,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ ယမန်နေ့နံနက် (၉)နာရီခွဲက လဲပင်ကျင်းကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံရှင်းလင်း ဆွေးနွေးခဲ့သည်။
မိုင်းဆတ်ခရိုင်အတွင်းရှိ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွား (၁၉၉) ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်
Feb 29,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်အတွင်းရှိ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွား (၁၉၉) ဦးအား ယနေ့နံနက်ပိုင်းက ဘိုးဘွားများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်၌ လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်းအသိပညာပေးဆွေးနွေးခြင်းနှင့် ကွင်းသရုပ်ပြပွဲဆောင်ရွက်
Feb 29,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ်၌   လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။
ခရိုင်အဆင့် ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Feb 29,2024
အောင်မြေသာစံခရိုင်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များအား ပိုမိုထိရောက်လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁)နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ကမ်းနားလမ်း၊ ၂၂×၂၆ လမ်းကြားရှိ Ayarwaddy River View Hotel တွင် ကျင်းပပြုလုပ်သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ် ရွှေစင်ရွှေပြားကပ်လှူပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Feb 29,2024
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ် ရွှေစင်ရွှေပြားကပ်လှူပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
မကျီးတိုင်းကျေးရွာတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးပွဲပြုလုပ်
Feb 29,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အစီအစဉ်ဖြင့် ဌာနဆိုင်ရာများပါဝင်သောအဖွဲ့သည်၊ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများကို ကျေးရွာများအရောက် ကွင်းဆင်းရှင်းလင်းဆွေးနွေးလျက်ရှိရာ၊ ယမန်နေ့မွန်းလွဲ(၂)နာရီက မကျီးတိုင်း ကျေးရွာအုပ်စု မကျီးတိုင်းကျေးရွာသို့ရောက်ရှိကြပြီး၊ ရွာလယ်ရှိ စိတ္တသုခဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။