သတင်းများ

ဟားခါးတက္ကသိုလ်၌ (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကာတွန်းနှင့် ပန်းချီပြိင်ပွဲများတွင် ဆုရရှိသူများအား ဆုပေးအပ်ပွဲအခမ်းအနားကျင်းပ
Feb 29,2024
ဟားခါးတက္ကသိုလ်၌ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် စာစီစာကုံး၊ ကဗျာ၊ ကာတွန်းနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ချင်းပြည်နယ်အစိုးရအဖွဲ့၏ အထောက်အပံ့ဖြင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက ဟားခါးတက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သရက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး အခမ်းအနားကျင်းပ
Feb 29,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက လူမှုဝန်ထမ်းဦးစီးဌာန၌ ကျင်းပရာ ကျောင်းသား/ ကျောင်းသူမိဘများ တက်ရောက်ကြသည်။
နွေရာသီကျောင်းပိတ်ရက်၌ လပွတ္တာခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံအင်္ဂလိပ်စာသင်တန်း အခမဲ့ဖွင့်လှစ်မည်
Feb 29,2024
နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်၌ လူငယ်များအချိန်ကို အကျိုးရှိစွာအသုံးပြုပြီး ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံအင်္ဂလိပ်စာသင်တန်း ကိုမတ်လ ၁ ရက်နေ့မှစ၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် ဗိဿနိုးရှေ့ဟောင်းယဥ်ကျေးမှုနယ်မြေတွင် ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူတော်ပွဲကြီးကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်
Feb 29,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ဗိဿနိုးရှေ့ဟောင်းယဥ်ကျေးမှု နယ်မြေအတွင်းရှိ ရွှေရောင်တော်ဘုရားကြီးတွင် ရှင်အပါး(၅၀၀၀)ရှင်ပြု အလှူမင်္ဂလာပွဲကြီးကို လာမည့်ဧပြီလ (၅)ရက်နေ့မှ (၇)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းဖြတ်၌ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်​ဆောင်မိခင်များနှင့် အသက် (၂) နှစ်​အောက် က​လေးငယ်များအတွက် ​ထောက်ပံ့​ငွေများ လွှဲ​ပြောင်း​ပေးအပ်
Feb 29,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅) နှစ်အထက် ဘိုးဘွားများ၊ ကိုယ်ဝန်​ဆောင်မိခင်နှင့် ၎င်းတို့မှ​မွေးဖွားသည့် အသက် (၂) နှစ်​အောက် က​လေးငယ်များကို ​ထောက်ပံ့​ငွေ​ပေးအပ်နိုင်​ရေးအတွက် တာဝန်ရှိသူများ လွှဲ​ပြောင်း​ပေးအပ်ခြင်းကို ယ​နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့​သည်။
လက်ပံတန်းမြို့နယ်အတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်း လုပ်ငန်းဆောင်ရွက်
Feb 29,2024
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းတစ်ရပ်ဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်း လုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက လက်ပံတန်းမြို့ ဘီးလင်းတန်းရပ်ကွက်၌ ဆောင်ရွက်ရာ လက်ပံတန်းမြို့နယ် သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီ ဥက္ကဋ္ဌ ဦးနေမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။
ကလောမြို့နယ်၌ “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ” သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ
Feb 29,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်နားလည်သိရှိစေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းက လူစည်ကားရာနေရာများတွင် “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ” လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျုံလတာကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယ‌နေ့နံနက် ၁၀ နာရီအချိန်က ဝါးခယ်မမြို့နယ်၊ ကျုံလတာကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဖြိုးဝေလင်းနှင့် အဖွဲ့များမှ ၎င်းကျေးရွာရှိ ဒေသခံပြည်သူများတွေ့ဆုံခဲ့ကြောင်း သိရသည်။