တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အမှိုက်အမျိုးအစားခွဲခြား စွန့်ပစ်စေရေးအသိပညာပေး သရုပ်ပြပွဲ အခမ်းအနားတက်ရောက်
Jun 24,2025
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ အမှိုက်အမျိုးအစားခွဲခြား စွန့်ပစ်စေရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီ တိုင်းဒေသကြီးအနေဖြင့် သန့်ရှင်းသောမြို့ဆုကို ရရှိထားကြောင်း၊ အမှိုက်များကို သိမ်းဆည်းသည့် နေရာတွင် တစ်ဦးတစ်ယောက်ချင်းမဟုတ်ဘဲ အစုအဖွဲ့လိုက်ဖြင့် ခွဲခြားစုထားသော အမှိုက်များအား စနစ် တကျဖြင့် စွန့်ပစ်ပေးရန် လိုအပ်ပြီး သက်မဲ့ပစ္စည်းများကို စွန့်ပစ်သည့်နေရာများတွင်လည်း သတ်မှတ် ထားသောနေရာများ၌ သေချာစွာစွန့်ပစ်ရန်လိုအပ်ကြောင်းပြောကြားသည်။