သတင်းများ

ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ဇွန်လအတွက် ပင်စင်လစာငွေများ ထုတ်ပေး
Jun 23,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ဇွန်လအတွက် ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့ နံနက် (၆)နာရီမှစတင်၍ ထုတ်ပေးလျက်ရှိရာ ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
လဲချားမြို့၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားပင်စင်ထုတ် မိဘပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် စာသုံးကုန်ကြက်ဥများ ထောက်ပံ့ပေးအပ်ခြင်းဆောင်ရွက်
Jun 23,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်ထုတ်မိဘပြည်သူများအား ယနေ့နံနက်(၈)နာရီမှစတင်၍ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းနှင့် စားသောက်ကုန်ကြက်ဥများ ထောက်ပံ့ပေးခြင်း ဆောင်ရွက်လျက်ရှိသည်။
နတ်မောက်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာများ စတင်ထုတ်ပေး
Jun 23,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်စားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၇)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိသည်။
မိုင်းခတ်မြို့နယ် ယန်းမိုင် (လားဟူ) ကျေးရွာ 'လင်းရောင်ခြည်'စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
Jun 23,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၊ ဝမ်ခုတ်ကျေးရွာအုပ်စု၊ ယန်းမိုင် (လားဟူ) ကျေးရွာ 'လင်းရောင်ခြည်' စာကြည့်တိုက် ရေရှည်ရှင်သန်ခိုင်မာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့ ညနေ (၃) နာရီအချိန်က ကျေးရွာစာကြည့်တိုက်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့၌ ဌာနဆိုင်ရာများပါဝင်သောအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 23,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့ပေါ်ကျေးရွာနှင့် ဝေးလံသောတောင်ပေါ်ကျေးရွာများ၌ နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့သည် ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ဝမ်ခုတ်ကျေးရွာအုပ်စု၊‌ ယန်းမိုင်(လားဟူ)ကျေးရွာ၊ ဘက်စုံသုံးခန်းမ၌ ‌ပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ရေစီးရေလာကောင်းမွန်စေရေးကွင်းဆင်းစစ်ဆေး၊ သွေးလွန်တုပ်ကွေးရောဂါပညာပေးဟောပြောခြင်း အခမ်းအနားတက်ရောက်၊ နေပြည်တော်ကိုယ်စားပြုတိုက်ကွမ်ဒိုအားကစားသမားများအား အားပေးစကားပြောကြား
Jun 23,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပုဗ္ဗသီရိမြို့နယ်၊ ရာဇဌာနီလမ်းမကြီး၊ ရာဇသင်္ဂဟလမ်းမကြီး၊ တော်ဝင်ရတနာလမ်းမကြီးနှင့် ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်း၊ သုခတော်ဝင်အိမ်ရာရှိ သစ္စာလမ်းနှင့် မုဒိတာလမ်းများသို့သွားရောက်ပြီး ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှတင်ပြချက်များအပေါ် လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ လုပ်ငန်းသုံးကျောက်များအား သတ်မှတ်အရွယ်အစားအတိုင်းအသုံးပြုရေး၊ မြေစမ်းသပ်မှုများ စနစ်တကျဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
လယ်ဝေးမြို့နယ်အတွင်း စိုက်ပျိုးရေပေးဝေသည့် ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 23,2025
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယ‌မန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လယ်ဝေး-ပျဉ်းမနား မြို့ရှောင်လမ်းဘေးရှိ ကျေးရွာအုပ်စုများတွင် မိုးစပါးစိုက်ပျိုးရေပေးဝေရန် ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ချောက်မြို့ အ.ထ.က(၁)ကျောင်း၌ ကျောင်းအခြေပြု သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပ
Jun 22,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများအား ကျောင်းအခြေပြုသဘာဝဘေးအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်၉နာရီအချိန်က အ.ထ.က(၁)ကျောင်း မြရိပ်ညိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။