ရေဖြူ ဇွန် ၂၄
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် ဒူးရင်းသီးများ ယခုနှစ်တွင် မိုးရွာစောပြီး မိုးရွာသည့်ရက်ကြာရှည်မှုကြောင့် ဒူးရင်းသီး ယခင်နှစ်ကထက် အသီးထွက်နှုန်း ကောင်းကြောင်းသိရသည်။
ဒူရင်းသီးစပေါ်ချိန် ဧပြီလတွင် စတင်ဈေးကွက်တင်ရောင်းခဲ့ရပြီး လက်ရှိအချိန်တွင်အလုံးကြီး တစ်လုံးလျှင် ကျပ် ၁၀၀၀၀ နှင့်အထက် စျေးရရှိကြောင်း၊ ဒူးရင်းသီးအလတ်စားနှင့် အငယ်စားမှာ ကျပ် ၃၀၀၀ မှ ၈၀၀၀ အထိ ရရှိကြောင်း ဒူးရင်းသီး ရောင်းချသူတစ်ဦးက ပြောသည်။
ယခင်နှစ်က ဒူးရင်းသီးတစ်လုံးလျှင် ကျပ် ၃၀၀၀မှ ၅၀၀၀ အထိသာရရှိခဲ့ပြီး အထွက်နှုန်းမှာလည်း ယခုနှစ်ကဲ့သို့ မကောင်းခဲ့ကြောင်း သိရသည်။ ရေဖြူမြို့နယ်ထွက် ဒေသအသီးမှာ ကျေးရွာအနှံ့အပြားကထွက်ရှိပြီး ယခုနှစ်တွင်း စပ်မျိုး ကိုင်းဆက် ဒူးရင်းသီးလည်း စိုက်ပျိုးသူများပြီး ပဲခူး၊ ရေး၊ မော်လမြိုင်အထိ တင်ပို့ ရောင်းချကြကြောင်းသိရသည်။
ခတ္တာ