သတင်းများ

မြန်မာအမျိုးသမီးများနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် “သနပ်ခါးမေပျို မြကျွန်းညို” ခေါင်းစဥ်ဖြင့် ဟောပြောပွဲကျင်းပ
Jun 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးကျင်းပသော “သနပ်ခါးမေပျို မြကျွန်းညို” မြန်မာ့သနပ်ခါးယဉ်ကျေးမှုသရုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၀၉း၀၀) နာရီအချိန်က ရန်ကုန်တက္ကသိုလ်ဝင်းရှိ ဝိဇ္ဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့နယ်၊အမှတ်(၅)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲကျင်းပ
Jun 24,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ်(၅)အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယမန်နေ့မွန်းလွဲ(၁)နာရီက အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 24,2025
မန္တ‌လေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက် ၉ နာရီခွဲက အ.ထ.ကခွဲ လ(၂၅) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများကျင်းပ
Jun 24,2025
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများ ကျင်းပခြင်းကို ယနေ့ မွန်းတည့် ၁၂နာရီက ကျင်းပသည်။
ကျောက်ပန်းတောင်းမြို့တွင်မိုးရာသီအကြို သစ်ပင်စိုက်ပွဲတော်ကျင်းပ
Jun 24,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင်၊ ၂၀၂၅-၂၀၂၆ခုနှစ်၊ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို၊ မြို့နယ်သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ယနေ့နံနက်(၉)နာရီက၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခန္တီးမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jun 24,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က လူကုန်ကူးမှုနှင့်ပတ်သက်၍ သိရှိထားသင့်သည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(ခန္တီး)၊ ကျောင်းခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 24,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၃၄) အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို ဟောပြော
Jun 24,2025
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အထက-ခွဲ(အလင်းရောင်)ကျောင်း၌ ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁နာရီက ပြုလုပ်သည်။