ရန်ကုန် ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးကျင်းပသော “သနပ်ခါးမေပျို မြကျွန်းညို” မြန်မာ့သနပ်ခါးယဉ်ကျေးမှုသရုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၀၉း၀၀) နာရီအချိန်က ရန်ကုန်တက္ကသိုလ်ဝင်းရှိ ဝိဇ္ဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကမာရွတ်ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကမာရွတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ထို့နောက် အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုဆွေမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က မြန်မာ့သနပ်ခါးယဉ်ကျေးမှုအကြောင်းအရာများအား ဟောပြောပေးခဲ့ပြီး မြန်မာ့သနပ်ခါးယဉ်ကျေးမှုသရုပ်ပြဖျော်ဖြေခဲ့ပြီး၊ သရုပ်ပြအဖွဲ့ဝင်များကို တာဝန်ရှိသူများမှ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ချစ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အမှတ်တရဓာတ်ပုံများ စုပေါင်းရိုက်ကူးခဲ့သည်။ အခမ်းအနားသို့ စုစုပေါင်းအင်အား (၃၀၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။
စိမ်းလဲ့ (ပြန်/ဆက်)