သတင်းများ

PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)အဖွဲ့၊ အင်းလေးပြည်သူ့စစ်(ဌာနေ)အဖွဲ့နှင့် ဟိုပုံးမြို့နယ် လုံခုတ်ပြည်သူ့စစ်(ဌာနေ) ပေါင်လင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့တို့အား ငွေသားနှင့် စားသောက်ဖွယ်ရာများ ပေးအပ်
Jun 22,2025
PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့၊ အင်းလေးပြည်သူ့စစ်(ဌာနေ)အဖွဲ့နှင့် ဟိုပုံးမြို့နယ်၊ လုံခုတ်ပြည်သူ့စစ်(ဌာနေ)၊ ပေါင်လင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့တို့အား ငွေသားနှင့် စားသောက်ဖွယ်ရာများပေးအပ်ခြင်းကို ဇွန်(၂၀)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စလင်းမြို့နယ်တွင်ကျန်းမာရေးချို့တဲ့သူဝေဒနာရှင်များအား ဇွန်လဒုတိယပတ်(အခမဲ့) ဒို့မေတ္တဆေးခန်းမှ ကျန်းမာရေးစောင့်ရှောက်မှုပေး
Jun 22,2025
မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့  ပုထိုးဖြူရပ်ကွက် ငွေတောင်ဦးကျောင်း  ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုးကျန်းမာရေးနှင့်နာရေးကူညီမှုအသင်းမှ ယမန်နေ့   နံနက်ပိုင်းမှစတင်ကာ နေ့လည်(၁)နာရီအချိန်အထိ ရပ်ဝေးရပ်နီးမှရဟန်းရှင်လူ  ပြည်သူများအား  ဇွန်လဒုတိယပတ် ဆေးကုသပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာတွင် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် “လူငယ်နှင့်သုတေသန စကားဝိုင်းဆွေးနွေးပွဲ”ကျင်းပ
Jun 22,2025
ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီ၊ သုတေသနကော်မတီမှ ကျင်းပပြုလုပ် သော“လူငယ်နှင့်သုတေသန စကားဝိုင်းဆွေးနွေးပွဲ”ကို ယနေနံနက်ပိုင်းက ရန်ကုန်မြို့သာကေတ မြို့နယ်ရှိရန်ကုန်တိုင်း ဒေသကြီးလူငယ်စင်တာ၌ ကျင်းပပြု လုပ်ခဲ့သည်။ ရှေးဦးစွာ“လူငယ်နှင့်သုတေသန စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့် သုတေသနကော်မတီဝင်များ နှင့်မိတ်ဆက်ပြီးရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ် ရေးရာအထောက် အကူပြုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်လွင်ဦးမှ ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြား ခဲ့သည်။
ဟိုင်းကြီးကျွန်းမြို့၌ လိုင်စင်မဲ့ယာဥ်များ စီးနင်းမှုမရှိစေရေးနှင့် မြို့အဝင်/အထွက် လုံခြုံရေးစစ်ဆေးခြင်းတို့ကို ပြုလုပ်
Jun 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် လိုင်စင်မဲ့ယာဥ်များ စီးနင်းမှုမရှိစေရေးနှင့် မြို့အဝင်/အထွက် လုံခြုံရေးစစ်ဆေးခြင်းတို့ကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က လူစည်ကားရာ ဟိုင်းကြီးကျွန်းမြို့အဝင်တံတားထိပ်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံ ဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများနှင့် လုံခြုံရေးတာဝန်ရှိသူများမှ စုပေါင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု များကိုကြည့်ရှုအားပေး
Jun 22,2025
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများသန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့်လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် အိုလံပစ်နေ့အထိမ်းအမှတ် Skateboard နှင့် Fixed gear bike စက်ဘီးအားကစားပြိုင်ပွဲတက်ရောက်၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုနေမှု ကြည့်ရှု အားပေး၊
Jun 22,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စိမ်းလမ်းစိုပြေစေရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဘုရားဝန်းတွင် နေပြည်တော်ကောင်စီမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကိုကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဒုတိယ မြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်များတက်ရောက်ကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် စာမေးပွဲဖြေဆိုနေမှုများ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆုရသူများဆုချီးမြှင့် ခြင်းနှင့် ဆဌမအကြိမ်မြောက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအား တက်ရောက်
Jun 22,2025
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ်(၁၂)ခုတွင် စာစစ် ဌာန (၂၂)ခု ဖွင့်လှစ်၍ ဇွန် ၁၆ ရက်နေ့မှ စတင်၍ အေးချမ်းစွာ ကျင်းပပြုလုပ်စစ်ဆေးလျက်ရှိရာ ယနေ့ ဇွန် ၂၁ ရက်နေ့တွင် စာမေးပွဲ နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်များ စစ်ဆေးကျင်းပမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၆) အခြေခံ ပညာအထက်တန်းကျောင်း စာစစ်ဌာနတို့၌ စာမေးပွဲဖြေဆို လျက်ရှိသော ကျောင်းသား/ ကျောင်း သူများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
မြောင်းမြမြို့နယ်တွင် အထူးကုဆရာဝန်ကြီးများမှ ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်
Jun 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် အထူးကုဆရာဝန်ကြီးများမှ ကွင်းဆင်းဆေးကုသမှုများအား ယမန်နေ့နံနက်ပိုင်းက ရေကျော်ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။