ငပုတောမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းပွဲကျင်းပ
Jun 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ပြည်တွင်းအခွန်များဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဟိုတယ်/တည်ခိုးခန်းလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ရွှေဆိုင်လုပ်ငန်းရှင်များ၊ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များ၊ ရုပ်သံမီဒီယာလုပ်ငန်းရှင်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ကုန်မာကုန်ခြောက်ဆိုင်လုပ်ငန်းရှင်များနှင့် လယ်ယာသုံးစက်ပစ္စည်းလုပ်ငန်းရှင်များ ယင်းလုပ်ငန်း(၈)မျိုးနှင့် သက်ဆိုင်သည့် လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာပညာရှင်းလင်းခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။