သတင်းများ

ငါးသိုင်းချောင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ
Jun 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်း ကျောင်းနှင့်အလယ်တန်းကျောင်း(ခွဲ) ဗိုလ်ချုပ်လမ်းတို့၌ ဖြန့်ဝေခဲ့ကြသည်။
မအူပင်တက္ကသိုလ်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jun 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်တက္ကသိုလ်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲနှင့် စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲတွင်ဆုရရှိသူများ ဆုချီးမြှင့်ပွဲအား ယနေ့နံနက် (၁၀) နာရီက မအူပင်တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ကန်ကြီးထောင့်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာ စောင်များဖြန့်ဝေ
Jun 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ယမန်နေ့ ညနေပိုင်းက အမှတ် (၆) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ (ဘဲဂရက်) တွင် ဖြန့်ဝေပေးခဲ့ကြသည်။
လိပ်သိုမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 25,2025
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အခမဲ့ ဖြန့်ဝေပေးသည်။
မအူပင်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အထက်တန်းအဆင့်(စာစီစာကုံးပြိုင်ပွဲ)ကျင်းပ
Jun 25,2025
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာ အထက်တန်းအဆင့်(စာစီစာကုံးပြိုင်ပွဲ)ကို ယနေ့နံနက် ၁၀ နာရီကမအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်
Jun 25,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ် စည်ပင်လှကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jun 25,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စည်ပင်လှကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန် အဆိုပါကျေးရွာဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြသည်။
ရွှေစည်းခုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန်   မျက်ပါးရွှေဆိုင်း ၂၄၀၀ ဝယ်ယူနိုင်ရေးလုပ်ငန်းညှိနှိုင်း
Jun 25,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူလျက်ရှိရာ စတုတ္ထပိုင်းလုပ်ငန်းစဉ်ပါ  လိုအပ်သောမျက်ပါးရွှေဆိုင်း ၂၄၀၀ ဝယ်ယူနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၅ ရက် နံနက် ၉ နာရီ ခွဲက ရွှေစည်းခုံဘုရားဂေါပကရုံးခန်းတွင်  ကျင်းပသည်။