ပန်းတနော် ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး (Abate)ခပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပန်းတနော်မြို့ ပြည်သူ့ဆေးရုံးမှ ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်ဝင်းက ဦးဆောင်၍ အခြေခံပညာကျောင်းများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း ဆောင်ရွက်ပြီး ရေကန်များအတွင်း အဘိတ်ဆေး(Abate) ခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ မိုးရာသီကာလအတွင်း ခြင်၊ ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရန်နှင့် ပြည်သူများ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် ကျန်ရှိနေသောကျောင်းများနှင့် ရပ်ကွက်၊ ကျေးရွာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး(Abate) ခပ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)