မင်းတုန်း ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်း (၃၅) ဦး၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်း (၂၂) မျိုးနှင့် ဖိုက်ဘာစက်လှေ (၁) စီးဖြင့် အသင့်စုဖွဲ့ထားရှိမှုကို ယမန့်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် ရေပြင်ရှာဖွေကယ်ဆယ်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက အင်းလည်ဆည်အတွင်း ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများနှင့်အတူ ဖိုက်ဘာ စက်လှေဖြင့် လေ့ကျင့်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်မီးသတ်ဦးစီးမှူးတို့က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)