မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ခုတင်(၅ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့ ဆေးရုံအဆင့်မြှင့်တင်ရန် တိုးချဲ့(၅)ထပ် ကုသဆောင်အသစ် (၁၇၄' x ၁၈ဝ)RC ဆောက်လုပ်ခြင်း ပန္နက်ရိုက်မင်္ဂလာအခမ်းအနားသို့ တက်ရောက်

မကွေး ဇွန် ၂၅

မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးတွင် မြန်မာမြို့ပြအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်အသင်း(MDA)မှ တာဝန်ယူဆောင်ရွက်မည့် မကွေးတိုင်းဒေသကြီး ခုတင်(၅ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့ ဆေးရုံအဆင့်မြှင့်တင်ရန် တိုးချဲ့ (၅)ထပ် ကုသဆောင်အသစ် (၁၇၄' x ၁၈ဝ)RC ဆောက်လုပ်ခြင်း ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက တိုင်းပြည်သူ့ဆေးရုံကြီးဝန်းအတွင်း ကုသဆောင်အသစ်ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် ဆေးရုံအုပ်ကြီးတို့က သတ်မှတ်နေရာအသီးသီးတွင် နေရာယူကာ မင်္ဂလာအချိန်တွင် ပန္နက်ရိုက်ခြင်း မင်္ဂလာဆောင်ရွက်ခဲ့ပြီး၊ ပန္နက်ရိုက်နေရာများကို အမွေးနံ့သာရည် ပက်ဖျန်းပေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား တိုင်းပြည်သူ့ဆေးရုံကြီး ဧည့်ရိပ်သာတွင် မကွေးတိုင်းဒေသကြီး ခုတင်(၅ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့ ဆေးရုံအဆင့်မြှင့်တင်ရန် တိုးချဲ့(၅)ထပ် ကုသဆောင်အသစ် (၁၇၄' x ၁၈ဝ)RC ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ မြန်မာမြို့ပြအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်အသင်း (MDA)မှ တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြခဲ့ကြပြီး၊ တည်ဆောက်ရေးဆိုင်ရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆက်စပ်ဌာနများနှင့် ဆွေးနွေးညှိနှိုင်းကာ လိုအပ်သည်များကို လမ်းညွှန်မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ