သတင်းများ

ချမ်းမြသာစည်မြို့နယ်၊ သူနာပြုသင်တန်းကျောင်း၌ ပထမနှစ် (၁/၂၀၂၅)  သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား၊ သင်တန်းသူ ၁၇၂ ဦးအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်း
Jun 25,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် သူနာပြု-သားဖွား ဒီပလိုမာ (၃) နှစ်သင်တန်း၊ ပထမနှစ်၊ အပတ်စဥ် (၃၄) ၁/၂၀၂၅ ကြိမ်မြောက် သင်တန်းသား သင်တန်းသူများအား ဂျူတီကုတ်နှင့်ဦးဆောင်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းသူနာပြုသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)၏ ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲအခမ်းအနား ကျင်းပ
Jun 25,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)၏ ကျောင်းဝန်းအတွင်း ယနေ့နံနက် ၉ နာရီက  ကျောင်းကောင်စီကတိသစ္စာခံယူပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်တွင် ကိုဗစ်ရောဂါကာကွယ်ဆေး (PFIZER JN 1) ထိုးနှံပေး
Jun 25,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး (PFIZER JN1) ထိုးနှံပေးခြင်းကို ဇွန်လ (၂၃) ရက်နေ့က စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းရှူးမြို့၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 25,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၁) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းနှင့် စျေးဆိုင်ခန်းများသို့ လိုက်လံဖြန့်ဝေပေးခဲ့သည်။
မိုင်းနောင်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 25,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက်(၁၀)နာရီအချိန်က အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
ခရမ်းမြို့နယ်ဈေးကွက်အတွင်း Siginal သွားတိုက်ဆေးအတုများ တင်သွင်းရောင်းချခြင်းမရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်
Jun 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ခရမ်းမြို့နယ်အတွင်းတွင် Siginal သွားတိုက်ဆေးအတုများ တင်သွင်းရောင်းချခြင်းမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
နမ့်စန်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲဆောင်ရွက်
Jun 25,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဇွန်လ ၂၆ ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၅)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။