ထားဝယ် ဇွန် ၂၅
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် ၂၀၂၅ ခုနှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ထားဝယ်မြို့၌ရှိသော သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းနိင်ရန်အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းနားကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပလျက်ရှိကြောင်း၊ ဧည့်ခံကျွေးမွေးမည့်အစီအစဉ်များ၊ ပြုလုပ်ကျင်းပမည့်ရက်၊ အချိန်အဓိကကျကြောင်း၊ ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား စနစ်တကျကျင်းပနိုင်ရေးအတွက် တက်ရောက်လာသူများအနေဖြင့် လစ်ဟမှုမရှိစေရေး ကြိုတင်ပြင်ဆင်စီစဉ်ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ကော်မတီဝင်များက အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး၊ ကြိုဆိုနေရာချထားရေးနှင့် ပို့ဆောင်ရေး၊ ဧည်ခံကျွေးမွေးရေးလုပ်ငန်း စသည့် လုပ်ငန်းကော်မတီအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)