သတင်းများ

သရက်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 25,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၁)အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲနှင့် တိုင်းဒေသကြီးကိုယ်စားပြုအားကစားအသင်းများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနား တက်ရောက်
Jun 25,2025
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲနှင့် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုအားကစားအသင်းများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အား ကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြသည်။
ဂန့်ဂေါမြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jun 25,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှဦးဆောင်၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သစ်တောသစ်ပင်များ၏တန်ဖိုးကို အများပြည်သူများအလေးထားသိရှိနားလည်ကာထိန်းသိမ်းစေရန်၊ ရာသီဥတုကောင်းမွန်မျှတကာ  အပူဒဏ်ကာကွယ်နိုင်ရေးနှင့်    ဂေဟစနစ်တည်ငြိမ်လာစေရန်ရည်ရွယ်၍ ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်ရှိ ခရိုင်လမ်းဦးစီးဌာနရုံးရှေ့နှင့် ကျောတိုက်ရပ်ကွက်ရှိ မြစ်သာခန်းမဝန်းအတွင်းတွင် ယနေ့နံနက် ၈ နာရီအချိန်က မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့နယ်၌ မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက်(fire safety certificate)(FSC) သက်တမ်းတိုးဆောင်ရွက်ပေး
Jun 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ဆင်ကန်လမ်းမကြီးဘေး၊ Apex စက်သုံးဆီအရောင်ဆိုင်အား မီးဘေးလုံခြုံရေး စစ်ဆေးထောက်ခံချက်(fire safety certificate(FSC)သက်တမ်းတိုးဆောင်ရွက်ခြင်းကို ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ပေးခဲ့သည်။
ငပုတောမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်အမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်(၁၀)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
လဲချားမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ
Jun 25,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ ဇွန်လ(၂၆)ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၁)နာရီအချိန်တွင်  အခြေခံပညာကျောင်းများ၌ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
သဘာဝဘေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ
Jun 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းဌာနနှင့်ဂျာမဏီနိုင်ငံ ကိုလုံးတက္ကသိုလ်တို့ပူးပေါင်းဆောင်ရွက်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ဗိုလ်တထောင်မြို့နယ် အမှတ်(၆)အခြေ​ခံပညာအထက် တန်းကျောင်း အောင်ကျော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
တောင်ကြီးမြို့၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားမိဘပြည်သူများအား အဆင်ပြေချော့မွေ့မြန်ဆန်စွာဖြင့် ပင်စင်လစာများကို လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိ
Jun 25,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြန်မာ့စီးပွားရေးဘဏ်မှ တောင်ကြီးမြို့နယ်ရှိ ပင်စင်စားနိုင်ငံ့ဝန်ထမ်း အငြိမ်းစားမိဘပြည်သူများအား ရုံးဖွင့်ချိန် နံနက်ပိုင်းမှစတင်၍ ပင်စင်လစာများအား အဆင်ပြေချော့မွေ့မြန်ဆန်စွာဖြင့် လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိသည်။