အုတ်ဖို စက်တင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက အ.မ.က ကြို့ကုန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ညွန့်ညွန့်စိန်က စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ကျောင်းသား၊ ကျောင်းသူများအားပြောကြားပြီး ဒုတိယဦးစီးမှူးဒေါ်မြင့်မြင့်မိုးက ကလေးသူငယ်များ ကိုယ်ကာယ၊ ဥာဏစွမ်းရည်များ ဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီးမှုများရရှိစေရေး အသိပညာပေးပြောကြားကာ ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြောသရုပ်ပြသခြင်း၊ ဘုတ်ပြားပြဇာတ်ပြသခြင်းတို့ကိုဆောင်ရွက်ခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်များကို ပြသဖတ်ရှုစေခဲ့ကြောင်းသိရသည်။
အောင်သူ (အုတ်ဖို)