သံတောင်ကြီးဒေသထွက် ချဉ်ပေါင်ဖာလာသီးအထွက်နှုန်းကျဆင်းသည့်အတွက် ဈေးကောင်းရရှိရန် မျှော်လင့်

သံတောင်ကြီး စက်တင်ဘာ ၁၀

ကရင်ပြည်နယ်၊  သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး  ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ်   ဉယျာဉ်ခြံလုပ်ငန်းများဖြစ်သည့်ကွမ်းသီး၊  တညှင်း၊ ဒူးရင်း၊  ကော်ဖီ၊ မင်းကွတ်  စသည်တို့ကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ  ဖာလာစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ယခုနှစ်တွင် မြေပြိုမှုကြောင့်  ဉယျာဉ်ခြံမြေများပျက်စီးခြင်း၊  မိုးများပြီးဖာလာအသီးများ ပျက်စီးခြင်းတို့ကြောင့် ချဉ်ပေါင်ဖာလာသီးများ အထွက်နှုန်းလျော့နည်းသည့်အတွက်  ဈေးကောင်း ရရှိရန်မျှော်လင့်လျက်ရှိကြောင်း သိရသည်။

ယခင်နှစ် ကဆိုရင်ဖာလာသီးအခွံခြောက်  တစ်ပိဿာကျပ်(၃၀၀၀၀)ထိရရှိပြီး စိုက်ပျိုးထားတဲ့(၆) ဧက လောက်ရှိတဲ့ခြံက ပိဿာ (၄၅၀) ထွက်ရှိတဲ့အတွက် ငှားထားတဲ့ အလုပ်သမားခရော စားသောက်စရိတ်နဲ့ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်တွေပေးပြီး ကိုယ့်အတွက် အမြတ်ငွေ ကျန်ပေမဲ့ ဒီနှစ်ဖာလာ အထွက်နှုန်းကောင်းပေမဲ့မိုးများခြင်း၊ မြေပြိုမှုတွေကြောင့်ဖာလာအသီးများ ပျက်စီးခြင်း၊ ကုန်ဈေးနှုန်းများကြီးမှုကြောင့် ချဉ်ပေါင်ဖာလာအခွံခြောက် (၁၄၅) ပိဿာသာရရှိတဲ့အတွက် ဈေးကောင်းရရှိမှသာ ကျွန်တော်တို့ချဉ်ပေါင် ဖာလာစိုက်ပျိုးလုပ်ကိုင်သူခြံပိုင်ရှင်များ အတွက်အဆေပြေစေမှာဖြစ်ကြောင်း ခြံပိုင်ရှင် ဦးစောသာဂေတောက ပြောကြားခဲ့သည်။

အဆိုပါ ချဉ်ပေါင်ဖာလာသီးခြောက်များ ယခင်နှစ် တစ်ပိဿာ ကျပ်(၃၀၀၀၀)ရရှိပြီး ယခုနှစ်တွင် ပေါက်ဈေးတစ်ပိဿာကျပ်(၁၇၀၀၀)သာရရှိပြီး ချဉ်ပေါင်ဖာလာသီးအထွက် နှုန်းလျော့နည်းမှု၊ လုပ်အားခ၊ သယ်ယူစရိတ်နှင့် ကုန်ဈေးနှုန်းကြီးမြှင့်မှုများကြောင့်    ချဉ်ပေါင်ဖာလာ    စိုက်ပျိုး လုပ်ကိုင်သူများအနေဖြင့်ဈေး ကောင်းများရရှိရန် မျှော်လင့်လျက်ရှိကြောင်း  သိရသည်။  

နော်နော်မူ