မဟာအောင်မြေမြိုနယ် မီးသတ်ဦးစီးဌာနတွင် LCIS International Preschool ကိုယ်ပိုင်ကျောင်းမှ မြို့နယ်မီးသတ်ဦးစီးဌာနသို့ လာရောက်လေ့လာကြည့်ရှု

‎‎မဟာအောင်မြေ စက်တင်ဘာ ၁၀

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်‌မြေမြို့နယ်တွင် LCIS International Preschool ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မီးသတ်ဦးစီးဌာနရှိ မီးငြှိမ်းသတ်ရေးပစ္စည်းများ၊ ရှာဖွယ်ကယ်ဆယ်ရေးသုံးပစ္စည်းများအား စက်တင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ လာရောက်လေ့လာကြည့်ရှုမှုကို မဟာအောင်မြေမြို့နယ် မြို့နယ်မီးသတ်ဦးစီးမှူး ဦးညွှန့်ဝင်းအောင်ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင်များက LCIS International Preschool ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အဆိုပါမီးငြှိမ်းပစ္စည်းများဖြင့် လုပ်ဆောင်ရကြောင်း ရှင်းလင်းပြောကြားပြီး လက်တွေ့သရုပ်ပြခြင်းဖြင့် ပြသပေးခဲ့ကြောင်း သိရသည်။

‎‎အောင်ဇော်မင်း