ရန်ကုန် စက်တင်ဘာ ၁၀
မြန်မာလက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းနှင့် အာဖဂန်နစ္စတန်လက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းတို့၏ ၂၀၂၆ ယူ-၂၃ အာရှဖလား ခြေစစ်ပွဲစဉ်ကို ယမန် နေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
ထိုသို့ မြန်မာလက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းနှင့် အာဖဂန်နစ္စတန်လက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းတို့၏ ၂၀၂၆ ယူ-၂၃ အာရှဖလားခြေစစ်ပွဲစဉ် ယှဉ်ပြိုင်နေမှုများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်နှင့် တာဝန်ရှိသူ များ၊ ဘောလုံးချစ်ပရိသတ်များက ကြည့်ရှုအားပေးကြရာ ပွဲပြီးဆုံးချိန်တွင် မြန်မာလက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းမှ(၁)ဂိုးနှင့် အာဖဂန်နစ္စတန်လက် ရွေးစင် ယူ-၂၃ အမျိုးသားအသင်းမှ(၂)ဂိုးဖြင့် အာဖဂန်နစ္စတန်လက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းက အနိုင်ရရှိခဲ့သည်။
မြန်မာလက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းသည် ၂၀၂၆ ယူ-၂၃ အာရှဖလားခြေစစ်ပွဲစဉ်အုပ်စု(ခ)တွင် ကူဝိတ်၊ ဂျပန်နှင့် အာဖဂန်နစ္စတန်အသင်းတို့ဖြင့် ယှဉ် ပြိုင်ကစားခဲ့ရပြီး (၃)ပွဲကစား အပြီး ရမှတ်(၁)မှတ်ရရှိခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)