လိပ်သို စက်တင်ဘာ ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ဥယျာဉ်ခြံလုပ်ငန်းကိုသာ အဓိကထား စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် မိမိတို့၏ တောင်ယာခင်းများတွင် ငရုပ်ပင်များကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားလျက်ရှိနေကြောင်း သိရသည်။
ဒေသခံများမှာ ငရုပ်ပင်များကို သဘာ၀မြေဩဇာများဖြင့်သာ စိုက်ပျိုးထားကြပြီး မိုးမျှော်သီး၊ ကလော်အော်သီးနှင့် ရှရှားသီးစသည့် ငရုပ်မျိုးများကို စိုက်ပျိုးကြကြောင်း ငရုပ်စိုက်ပျိုးသူ ဒေသခံတစ်ဦးထံမှ သိရသည်။
လိပ်သိုဒေသရှိ ကျေးရွာများမှ ငရုပ်စိုက်တောင်သူများမှာ ငရုပ်သီးစိမ်းနှင့်၊ ငရုပ်သီးခြောက်များကို လိပ်သိုမြို့ပေါ်သို့ နှစ်စဉ်ပို့ဆောင်ရောင်းချလျက်ရှိရာ ယခုနှစ် မိုးရာသီကာလ၌ ငရုပ်သီးစိမ်း တစ်ပိဿာလျှင် (၁၅၀၀ဝိ/-) ကျပ်အထိ ဈေးကောင်းရလျက်ရှိနေသဖြင့် ငရုပ်စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
နော်ဖလောရင်း