မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ သို့ တက်ရောက်ခဲ့သော လူငယ်ကိုယ်စားလှယ်အဖွဲ့မှ အတွေ့အကြုံစကားဝိုင်းဆွေးနွေးပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် စက်တင်ဘာ ၁၀

မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ သို့တက်ရောက်ခဲ့သော လူငယ်ကိုယ်စားလှယ်အဖွဲ့မှ အတွေ့အကြုံစကားဝိုင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အ လေးပြုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့အခမ်းအနားသည် မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ သို့တက်ရောက်ခဲ့သော လူငယ်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ရရှိခဲ့သည့်အတွေ့အကြုံကောင်းတွေကို လူငယ်တွေသိရှိအောင် ပြန်လည်မျှဝေပေးသည့် အနှစ်သာရပြည့်စုံကောင်းမွန်သည့် အခမ်း အနားတစ်ခုဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့ဘဝအတွက်သာမက နိုင်ငံနှင့်ပြည်သူအတွက်ပါအကျိုးရှိစေမယ့် ကြီးမားတဲ့တာဝန်တွေကို ထမ်းဆောင်ရမှာဖြစ်တဲ့အတွက် အတွေ့အကြုံကောင်းတွေရှိလာဖို့လိုအပ်မှာဖြစ်သလို ဗလငါးတန်ဖွံ့ဖြိုးမှုသာမက ပြောင်းလဲနေသောကမ္ဘာကြီးတွင် မျိုးဆက်သစ်လူငယ်များ တက်ကြွစွာပါဝင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြဖို့မှာကြားလိုကြောင်း၊ လူငယ်များသည် အနာဂတ်ခေါင်းဆောင်များ၊ နည်းပညာဆိုင်ရာတီထွင်ဖန်တီးသူ၊ ငြိမ်းချမ်းရေးနှင့်စွန့်ဦးတီထွင်သူများ ဖြစ်သည့်အတွက် နယ်ပယ်စုံကဏ္ဍပေါင်းစုံမှာရှိသည့် လူငယ်များဆောင်ရွက်နိုင်သည့်အခွင့်အလမ်းများကို ဖန်တီးပုံဖော်ပေးသည့် မျိုးဆက်သစ်များဖြစ်ပေါ်စေရေး အားလုံးပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက လူငယ်ဖိုရမ်အထိမ်းအမှတ်တံဆိပ်အား ပြည်နယ် ဝန်ကြီးချုပ်ထံသို့အပ်နှင်းခဲ့ပြီး လူငယ်ဖိုရမ်မှတ်တမ်း Video Clip အား ပြသခဲ့ကာ လူငယ်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်တစ်ဦးမှ ခရီးစဉ်အတွေ့အကြုံများအား ရှင်းလင်း တင်ပြခဲ့သည်။

ဆက်လက်၍ မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ သို့ တက်ရောက်ခဲ့သော လူငယ်ကိုယ်စားလှယ်တစ်ဦးမှ လူငယ်မဟာဗျူဟာဖိုရမ်မှရရှိခဲ့သည့် အကျိုးကျေးဇူးများအားရှင်းလင်းတင်ပြပြီး အနာဂတ်တည်ဆောက်မည့် ခေတ်သစ်မျိုးဆက်များအတွက် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာ ဗျူဟာဖိုရမ်ကြေညာစာတမ်းအားဖတ်ကြားခဲ့ကာ ပြည်နယ်လူမှုရေးရာဝန်ကြီးက အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီ ဖွဲ့စည်းထားရှိမှုအခြေအနေများအား ရှင်းလင်းပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ် လူငယ်ကိုယ်စားလှယ်များနှင့် တက်ရောက်လာ‌ကြသော ကျောင်း သား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)