ရှားပါးမျိုးစိတ်စာရင်းဝင် မြန်မာ့ကြယ်လိပ် အကောင်ရေ ၁၄၀၀၀ ကျော်ထိန်းသိမ်း စောင့်ရှောက်ထား
Jun 15,2025
မြန်မာ့ကြယ်လိပ် (Burmese Star Tortoise) သည် ရှားပါးသတ္တဝါမျိုးစိတ်များထဲတွင် ပါဝင်ပြီး ပါဏဗေဒအလိုအရ ဂျီအိုချယ်လုံး ပလက်တင်နိုတာ(Geochelone Platynota) ဟု အမည်ပေးထားပြီး မြန်မာနိုင်ငံ၌သာ တွေ့ရှိရသော ဒေသရင်းမျိုးစိတ် (Endemic Species) များပင် ဖြစ်သည်။ ကြယ်လိပ်များကို အပူပိုင်းခြောက်သွေ့သောဒေသများတွင် နေထိုင်ကျက်စားလေ့ရှိသည်ကို တွေ့နိုင်ပြီး၊ ဒေသအလိုက် ကြယ်လိပ်၊ ဆီးချိုလိပ်၊ ပင့်ကူလိပ်၊ ပန်းလိပ်၊ ရွှေလိပ်၊ နတ်လိပ်ဟူ၍ အမည်အမျိုးမျိုးဖြင့်လည်း ခေါ်ဆိုလေ့ရှိကြသည်။