ကျီကွဲကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော ပြည်လုံချမ်းသာရစေတီတော်မြတ်ကြီး ရွှေထီးတော်တင်မင်္ဂလာအခမ်းအနား ကျင်းပ

ချမ်းမြသာစည်  မေ  ၂၆

ကျီကွဲကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော ပြည်လုံချမ်းသာရစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်ရှိ ကျီကွဲကျောင်းတိုက်တွင် ကျင်းပသည်။

ဦးစွာ ကျီကွဲကျောင်းတိုက်ဆရာတော်အမှူးပြုသည့် သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်း၊ သင်္ကန်း အစရှိသော ဒါတဗ္ဗဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော်အရှင်သူမြတ်တို့ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြကာ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တို့ကို ပင့်ဆောင်၍ ပြည်လုံးချမ်းသာရစေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကာ မင်္ဂလာဝေါယာဥ်တော်ဖြင့်  စေတီတော်အထွတ်သို့ တင်လှူပူဇော်ကြသည်။ ထို့နောက် ဗုဒ္ဓသာသနံစီရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး အခမ်းအနားအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုးရွာသွန်းဖြိုးကြသည်။ အဆိုပါ ပြည်လုံးချမ်းသာရစေတီတော်မြတ်ကြီးအား အလှူဒါယကာ အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းနှင့် အလှူ့ဒါယိကာမကြီး ဒေါ်ခင်မာဆွေ သားသမီးမိသာစုတို့က တည်ထားကိုးကွယ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)