ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) ခရိုင်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌ ပျိုးပင် (၄၅၉၀) စိုက်ပျိုး
Jun 15,2025
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုပြောင်းလဲလာမှုအပေါ် လိုက်လျောညီထွေဖြစ်စေရေး၊ ကမ္ဘာကြီးပူနွေးလာမှုအား လျော့နည်းသက်သာစေရေးတို့အား ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီကာလလူထုလှုပ်ရှားမှုအသွင်ဖြင့် ခရိုင်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ သစ်တောဦးစီးဌာနမှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ် (၂) လမ်းမကြီးရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) ကျောင်းဝင်းအတွင်း၌ ယမန်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။