မကွေး မေ ၂၆
၂၀၂၆-၂၀၂၇ ပညာသင်နှစ် မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ကျောင်းအပ်နှံရေး သီတင်းပတ်အထိမ်းအမှတ် မြေစိုက်ပိုစတာဖွင့်ပွဲနှင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက တိုင်းဒေသကြီးပညာရေးမှူးရုံးရှေ့နှင့် မြို့တော်ခန်းမတို့၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဒု_ဥက္ကဋ္ဌ၊ တိုင်းဒေကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက္ကသိုလ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းအပ်နှံနိုင်ရေး အတွက် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာဆိုင်းဘုတ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အမွှေးနံသာရည်ဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။
ဆက်လက်၍ “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအား လုံးကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မကွေးတိုင်းဒေသကြီး ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို မကွေးမြို့ ၊မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေး၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးမှူးများ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မကွေးမြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ(ဆားစည့်)မှ ကျောင်းသား၊ ကျောင်းသူလေးများက ကျောင်းအပ်ကြမယ် တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး၊ ဥယျာဉ်မှူး ကိုယ်ပိုင်ကျောင်းမှ Grade-7 ကျောင်းသား မောင်လွင်သန့်ထူးအောင်နှင့် တယောအဖွဲ့မှ တိန်တမာန်၊ အလှကမ္ဘာမြေနှင့် မြန်မာ့ကျောင်းတေးသီချင်းအား တယောဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက အမှာစကားပြောကြားပြောကြားကာ တိုင်းဒေသကြီးပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးနိုင်က ကျောင်းအပ်နှံရေးဆိုင်ရာများ ရှင်းလင်းတင်ပြခဲ့ပြီး၊ ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ထောက်ပံ့သော သင်ထောက်ကူပစ္စည်းနှင့် ကျောင်းသုံးပစ္စည်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က အသီးသီးပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ၁၃၈၇ ခုနှစ် မကွေးတိုင်းဒေသကြီးအတာသင်္ကြန်ပွဲတော် ယိမ်းပြိုင်ပွဲ ပထမဆုရ အခြေခံပညာဦးစီးဌာနမှ ကျောင်းသူလေးများက အကအလှဖြင့်လည်းကောင်း၊ နေခြည်ကိုယ်ပိုင်ကျောင်းမှ ကျောင်းသူလေးများက ပန်းကလေးများ၏ ဥယျာဉ်မှူး၊ မင်းဘူမြို့ အ.ထ.က-(၁)မှ ကျောင်းသူ ၁ ဦးက “အ” အက္ခရာအောင်ပါစေ၊ အထက(ခွဲ)ဆားစည့်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန် တေးသီချင်းတို့ဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ ဖျော်ဖြေရေးအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ကာ၊ ပညာရေးဆိုင်ရာ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)