သတင်းများ

ပုဗ္ဗသီရိမြို့နယ်တွင် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ အခွန်ပညာပေး ရှင်းလင်းဆွေးနွေး
Jun 16,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သီရိ(၅)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ပုဗ္ဗသီရိမြို့နယ်ရှိ လုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်းသည့် အခွန်ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဇေယျာသီရိမြို့နယ်၌ ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာစာဘာသာရပ် စတင်ဖြေဆို
Jun 16,2025
၂၀၂၅ ခုနှစ်၊ ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဇေယျာသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများမှ ယနေ့နံနက် ၉ နာရီက မြန်မာစာဘာသာရပ် ဖြေဆိုခဲ့ရာ  စာစစ်ဌာနငါးခုတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၃၉၉ ဦး၊ ဖြေဆိုသူပေါင်း ၁၃၉၅ ဦး၊ ပျက်ကွက်သူပေါင်း ၄ ဦး၊ ၉၉ ဒသမ ၇၁ ရာခိုင်နှုန်းဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝမ်းတွင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Jun 16,2025
ဝမ်းတွင်းမြို့နယ်၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခြင်းကို  ဇွန်လ (၁၆) ရက်နေ့မှစတင်၍ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ကျင်းပလျက်ရှိရာ ကျောင်းသား/သူများမှ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုလျက်ရှိ ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား ကျောင်းသူ ၁၅၇၉ ဦး ဖြေဆို
Jun 16,2025
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနငါးခု၌ ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုကြသည်။
မတ္တရာမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာဘာသာရပ် ဒုတိယအကြိမ်ပြန်လည်ဖြေဆို
Jun 16,2025
၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယအကြိမ်ပြန်လည်ဖြေဆိုခြင်းကို ယနေ့ ဇွန်လ ၁၆ ရက်နေ့မှ စတင်၍ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် ထီးတော်မိုးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ စာစစ်ဌာန (၁) ခု ဖွင့်လှစ်၍ ကျင်းပဖြေဆိုလျက်ရှိသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ငှက်ပျော ၁၀၂၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်
Jun 16,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ငှက်ပျော ၁၀၂၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကရသူရိမြို့၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Jun 16,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၁ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရသူရိမြို့၌ ကျောင်းသား/ သူများအား Mobile Library စနစ်ဖြင့် စာအုပ်/ စာစောင်များ လက်ဝယ်အရောက်ငှားရမ်းပေး
Jun 16,2025
တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ကျောင်းသား/သူများ အသိပညာ ဗဟုသုတတိုးပွားရေး Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ လက်ဝယ်အရောက်ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီက အခြေခံပညာအထက်တန်း ကျောင်း၌ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။