သတင်းများ

ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာတွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Jun 15,2025
ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီမှ ပညာရေးကော်မတီက ကြီးမှူးကျင်းပသည့် “လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေးဆွေးနွေးပွဲ” အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် အမှတ် (၂၅) အခြေခံပညာ အလယ်တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုခြင်းနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်
Jun 15,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မုံရွာမြို့ပေါ်နှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းကာ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ အမှတ်(၂၅) အခြေခံပညာအလယ်တန်းကျောင်းဝန်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်း မွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသား/ ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း ဈေးများ၌ အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေး အမှိုက်ပုံးများ ထားရှိမှုနှင့် အမှတ် (၄) လမ်းမကြီးတစ်လျှောက် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
Jun 15,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ဈေးများ၌ အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေး အမှိုက်ပုံးများ ထားရှိမှုနှင့် အမှတ် (၄) လမ်းမကြီးတစ်လျှောက် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
မြောင်းမြမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ် (၃၀) ပြည့် အထိမ်းအမှတ် စုပေါင်းဆွမ်း ဆက်ကပ်လှူဒါန်း
Jun 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၀) ပြည့် အထိမ်းအမှတ်အဖြစ် မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးထွန်းငြိမ်းနှင့် ဝန်ထမ်းများ စုပေါင်း၍ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက အလယ်တောရကျောင်း၊ ပုပ္ဖါရုံကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှားပါးမျိုးစိတ်စာရင်းဝင် မြန်မာ့ကြယ်လိပ် အကောင်ရေ ၁၄၀၀၀ ကျော်ထိန်းသိမ်း စောင့်ရှောက်ထား
Jun 15,2025
မြန်မာ့ကြယ်လိပ် (Burmese Star Tortoise) သည် ရှားပါးသတ္တဝါမျိုးစိတ်များထဲတွင် ပါဝင်ပြီး ပါဏဗေဒအလိုအရ ဂျီအိုချယ်လုံး ပလက်တင်‌နိုတာ(Geochelone Platynota) ဟု အမည်ပေးထားပြီး မြန်မာနိုင်ငံ၌သာ တွေ့ရှိရသော ဒေသရင်းမျိုးစိတ် (Endemic Species) များပင် ဖြစ်သည်။ ကြယ်လိပ်များကို အပူပိုင်းခြောက်သွေ့သောဒေသများတွင် နေထိုင်ကျက်စားလေ့ရှိသည်ကို တွေ့နိုင်ပြီး၊ ဒေသအလိုက် ကြယ်လိပ်၊ ဆီးချိုလိပ်၊ ပင့်ကူလိပ်၊ ပန်းလိပ်၊ ရွှေလိပ်၊ နတ်လိပ်ဟူ၍ အမည်အမျိုးမျိုးဖြင့်လည်း ခေါ်ဆို‌လေ့ရှိကြသည်။
တာချီလိတ်မြို့၌  နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ ကျင်းပ
Jun 15,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှစ် (၃၀) ပြည့် ပုလဲရတုနှစ်ပတ်လည်နေ့အထိမ်းအမှတ် တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၁၅ ရက် နေ့ နံနက် ၉ နာရီက မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာ ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ် (၃၀) ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆွမ်းကျွေးတရားတော်နာ အလှူမင်္ဂလာနှင့် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ ကျင်းပ
Jun 15,2025
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှစ် (၃၀) ပြည့် ပုလဲရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြိတ်ခရိုင်ဦးစီးမှူးရုံးနှင့် မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းမိသားစုများ၏ ဆွမ်ကျွေးတရားတော်နာအလှူမင်္ဂလာကို ယနေ့နံနက်ပိုင်းက မြိတ်မြို့ ကလွင်ရပ် သဒ္ဒမ္မပဇ္ဇောတာရုံကျောင်းတိုက်၌ ကျင်းပသည်။
ဝါးခယ်မမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးပေး
Jun 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က စံပြရွာသစ်ကျေးရွာအုပ်စု၊ တံတား​ကြီးကျေးရွာ၊ ကွင်းအမှတ် (၉၃၈ က)၊ ဦးပိုင်အမှတ် (၁၆ ခ/၈)ရှိ တောင်သူ ဦးသန်းကျော်၏ လယ်မြေ (၁၀) ဧကတွင် ပြုလုပ်ခဲ့သည်။