သတင်းများ

မိုးညိုမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jun 16,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၄ ရက်‌နေ့ နံနက်ပိုင်းအချိန်က ရေကင်းကျေးရွာအုပ်စုအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲနှင့် မဲပေးစက် လက်တွေ့သရုပ်ပြမဲပေးခြင်း ဆောင်ရွက်
Jun 16,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းဖွင့်ပွဲနှင့် မဲပေးစက်လက်တွေ့သရုပ်ပြ မဲပေးခြင်းအခမ်းအနားကို ယနေ့တွင် ကျိုင်းတုံမြို့တော်ခန်းမတွင် ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာ‌ရေးများ တက်ရောက်သည်။
တန့်ယန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ပညာသင်ထောက်ပံ့ခြင်း အခမ်းအနားကျင်းပ
Jun 16,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (၃၀)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ပညာသင်ထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ညောင်လေးပင်မြို့၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်
Jun 16,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညောင်လေးပင်မြို့နယ်ဦးစီးမှူးရုံးက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ မပြုလုပ်ရသေးသောမိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ခေါ်ယူ၍ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ဇွန် ၁၄ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
လှိုင်မြို့နယ်၌ ကိုဗစ်ကာကွယ်ဆေး(၈၂၂)ဦး ထိုးနှံပေး
Jun 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်ခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Pfizer JN1 COVID 19) ထိုးနှံပေးခြင်းကို ဇွန် ၁၄ ရက်နေ့ နံနက် (၁၀)နာရီအချိန်က စတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေး
Jun 16,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ယနေ့နံနက် ၁၀ နာရီက ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးကြောင်း သိရသည်။
ခန္တီးမြို့၌ ဒုတိယအကြိမ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆို
Jun 16,2025
၂၀၂‌၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဒုတိယအကြိမ်ပြန်လည်ဖြေဆိုခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့‌တွင် ယနေ့နံနက် (၉) နာရီအချိန်မှစ၍ အ‌ခြေခံပညာအထက်တန်းကျောင်း (ခန္တီး) စာစစ်ဌာနတွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပြန်လည်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယအကြိမ်) မြန်မာစာဘာသာ စတင်ဖြေဆို
Jun 16,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယအကြိမ်) မြန်မာစာဘာသာကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) စာစစ်ဌာန၌ စတင်ဖြေဆိုကြောင်း သိရသည်။